Events
အမျိုးသားပို့ကုန်မဟာဗျူဟာတွင် လုပ်ငန်းစီမံချက် (PoAs) ရေးဆွဲရန် ကျန်ရှိသည့် ကဏ္ဍ (၄) ခု နှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေး ကျင်းပခြင်း
Updated At: 2021-12-16 16:56:24

အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၀-၂၀၂၅) တွင် အကောင်အထည်ဖော်ဆောင်ရွက်ရန် ရွေးချယ်ထားသည့် ကဏ္ဍကြီး (၁၈) ခုအနက် လုပ်ငန်းစီမံချက် (Plan of Action - PoA) ရေးဆွဲ ရန်ကျန်ရှိသည့် ကဏ္ဍ (၄) ခု၏ လုပ်ငန်းစီမံချက်များအား ဆက်လက်၍ စီးပွားရေးရာကော်မတီ သို့ တင်ပြအတည်ပြုချက် ရယူနိုင်ရန်အတွက် သက်ဆိုင်ရာဌာန၊ အသင်းအဖွဲ့များနှင့် ညှိနှိုင်း သည့်အစည်းအဝေးကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၆ ရက်နေ့ နံနက် (၁၀:၀၀) နာရီ အချိန်တွင် Online Zoom Meeting ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးသို့ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ် ဒေါ်နော်မူတာကပေါက ဦးဆောင်၍ ကဏ္ဍ (၄) ခုနှင့် သက်ဆိုင်သည့် ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များမှ အဆင့်မြင့်အရာရှိကြီးများ၊ တာဝန်ရှိသူများ စုစုပေါင်း (၂၀) ဦး တက်ရောက်ခဲ့ ကြပါသည်။
အစည်းအဝေးတွင် အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၀-၂၀၂၅) တွင် အကောင်အထည် ဖော် ဆောင်ရွက်မည့် ကဏ္ဍ (၁၈) ခုအနက် လုပ်ငန်းစီမံချက်ရေးဆွဲရန် ကျန်ရှိနေသည့် ကဏ္ဍ (၄) ခု ဖြစ်သည့် ကျောက်မျက်နှင့် လက်ဝတ် ရတနာကဏ္ဍ (Gems and Jewellery)၊ လက်မှုအနုပညာပစ္စည်းကဏ္ဍ (Handicrafts)၊ ခရီးသွားလုပ်ငန်းကဏ္ဍ (Tourism)၊ ဘဏ္ဍာရေးဝန်ဆောင်မှု များရရှိနိုင်ရေးကဏ္ဍ (Access to Finance) များအတွက် လုပ်ငန်းစီမံချက်များကို အပြီးသတ်ရေးဆွဲပြီး စီးပွားရေးရာကော်မတီသို့ တင်ပြနိုင်ရေးအတွက် သက်ဆိုင်ရာဌာန၊ အသင်းအဖွဲ့များနှင့် ညှိနှိုင်း ဆွေးနွေးခဲ့ရာ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ဒုတိယညွှန်ကြားရေးမှူးချုပ်မှ လုပ်ငန်းစီမံချက် ရေးဆွဲရမည့် နည်းလမ်းများအား ရှင်းလင်းပြောကြားခဲ့ပြီး ညွှန်ကြားရေးမှူးချုပ်မှ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ အမျိုးသား ပို့ကုန်မဟာဗျူဟာ (၂၀၂၀-၂၀၂၅) တွင် ဆောင်ရွက်သွားမည့် အစီအစဉ်များနှင့် လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေး ခဲ့ပါသည်။

More Events
အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၆-၂၀၃၀) အကောင်အထည်ဖော်ရေး ညှိနှိုင်းအစည်းအဝေး
Date: 3rd, February 2026
“73rd Bangkok Gems & Jewelry Fair BGJF 2026” သို့ မြန်မာနိုင်ငံမှ ပါဝင်ပြသမည်
Date: ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှ ၂၆ ရက်နေ့အထိ